လွန်ခဲ့တဲ့ရက်ပိုင်းကိုယ်တွေ့လေးပါ
ကျနောတို့ရဲ့ YANGON Mobile ကိုပေါ့
လူတစ်ယောက်လာပါတယ်....
Phone Lock ဖြည်မလို့ဆိုပြီးရောက်လာတာပါ
ဖုန်းကတော့ Oppo Yo Yo လေးပါ တန်ဖိုးကတော့
လက်ရှိပေါက်ဈေး အသစ်ဆိုရင် 179000 ဖြစ်ပါတယ်ဗျာ
ဆိုင်မှာလော့လာဖွင့်တဲ့ဖုန်းတွေလည်းမနည်းပါဘူး
ဒါပေမယ့်အဲဒိလူက ဂနာမငြိမ်ဖြစ်နေတယ်
ထိုင်ပါဆိုလည်းမထိုင်ဘူး မတ်တပ်မတ်တပ်နဲ့
ကို့အနားကမခွာပါဘူး Wallpaper ကလည်းမိန်းကလေးပုံကြီးနဲ့ဗျာ
မင်္သကာတာနဲ့နည်းနည်းဟိုမေးဒီမေးလေးလုပ်ကြည့်တော့
သူ့ဘော်ဒါကသူ့ဆီ 15000 နဲ့လာပေါင်ထားတာတဲ့
အဲဒီတော့ပိုတောင်မသင်္ကာဖြစ်သွားသေးတယ်....
Lock ဖြည်ပြီးတော့ကိုလည်းဟိုဟာလုပ်ဒီဟာလုပ်နဲ့
လုပ်နေပြီး Call Log ထဲဝင်ကြည့်တော့ Missed Call
တွေကမနည်း....ဒါနဲ့နောက်နာရီဝက်လောက်မှလာယူဆိုပြီး
ပြန်လွှတ်လိုက်တယ်....မသွားခင်ပြောသွားသေးတယ်
ဖုန်းတွေလာရင်မကိုင်ပါနဲ့တဲ့
ကျနောလည်း Missed Call ထဲကဖုန်းတွေထဲက
နာမည်မှတ်ထားတဲ့ ဖုန်းတစ်ခုကိုဆက်ပြီးပိုင်ရှင်နဲ့ဆက်သွယ်ပေးလိုက်ပါတယ်..
နောက်ပိုင်းကိစ္စကတေ့သူတို့ဘာသာရှင်းတာပေါ့ဗျာ
ပိုင်ရှင်လည်းသူ့ဖုန်းသူပြန်ရသွားပါတယ်
အဓိကပြောချင်တာကတော့ မိမိဖုန်းတွေကို
Lock ချထားပါ ပျောက်တယ်ဆိုရင်လည်း မိုဘိုင်း Service ဆိုင်တွေကို
ဆက်သွယ်အကြောင်းကြောင်းပါ....
ကျနောတို့ YANGON Mobile ရဲ့ဖုန်းနံပါတ်ကတော့ 09262534148ပါ
ပြောရမှအဆင်မပြေဘူးဆိုလည်း Message ပေးပို့ပြီး
ပျောက်ဆုံးတဲ့ဖုန်း Model အရောင်တွေကိုပေးပို့ပေးထားပါ
Phyo Thaw Kaung
Admin @ ဓနုဖြူရပ်ဝန်း
yangonmobileservice.blogspot.com


No comments:
Post a Comment