မြန်မာနိုင်ငံတွင်ပထမဦးဆုံး Mobile Banking စနစ်ကို
သမ၀ါယမဘဏ် (CB Bank)မှစတင်ဝန်ဆောင်မှုပေးလျှက်ရှိရာ
ဓနုဖြူ ဘဏ်ခွဲတွင်လည်းအသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရပါသည်..
အသုံးပြုလိုသူများအနေဖြင့် ဓနုဖြူဘဏ်ခွဲတွင် Bank Account
ရှိရမည်ဖြစ်ပြီး မှတ်ပုံတင် နှင့် အသုံးပြုမည့်မိုဘိုင်းဖုန်း(Android/I OS/Window)
တို့ကိုယူဆောင်သွားရမှာဖြစ်ပါတယ်...
Mobile Banking နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုအောက်မှာဖော်ပြပေးထားပါတယ်..
Mobile Banking ဆိုတာဘာလဲ.....
လွယ်လွယ်ပြောရရင်တော့ ဘဏ်လုပ်ငန်းကိစ္စများကိုဘဏ်သို့သွားရန်မလိုဘဲ
Mobile ဖုန်းတစ်လုံးနဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်....
မိမိရဲ့ Bank Account ကိုလည်းမိုဘိုင်းဖုန်းကနေစစ်ဆေးနိုင်ပါတယ်...
ဘယ်နေရာတွေမှာအသုံးဝင်မလဲ
ငွေလွှဲ/ငွေပို့ကိစ္စတွေမှာအဓိကအသုံးဝင်မှာဖြစ်ပါတယ်...
သင်ဟာ Bank မရှိတဲ့အရပ်ဒေသကိုရောက်ပြီး ငွေလွှဲဖို့ကိစ္စရှိလာရင်ဘယ်လိုလုပ်ပါမလဲ?
Mobile Banking ကကောင်းဆုံးအဖြေပဲဖြစ်ပါတယ်....
တစ်ဖက်လူက ငွေလွှဲလိုက်တဲ့အခါ သင့်မှာ Mobile Banking စနစ်ရှိမယ်ဆို SMS နဲ့သတင်းပေးပို့ပေးမှာဖြစ်ပါတယ်...ပို့လိုက်တဲ့ငွေဟာလည်း သင့် Bank Account ထဲရောက်ရှိမှာဆိုတော့
ငွေလည်းစုပြီးသားဖြစ်တဲ့အပြင် မိမိ Bank Account ထဲကငွေအတိုင်း သတ်မှတ်ဘဏ်အတိုးရရှိမှာဖြစ်ပါတယ်..
ငွေကြေးတစ်ကြိမ်လွှဲပို့ပါက ၅သိန်းကျပ်လွှဲပို့နိုင်မည်ဖြစ်ပြီး တစ်ရက်ကိုအများဆုံး ၁၀သိန်းလွှဲပို့နိုင်ပါသည်..
အသုံးပြူရန်လျှောက်ထားသူများကို CB Bank မှအသုံးပြုနည်းလမ်းညွှန်ပေးမှာဖြစ်တဲ့အပြင်
အင်္ဂလိပ်/မြန်မာ ကြိုက်နှစ်သက်ရာအသုံးပြုနိုင်တဲ့အတွက်အဆင်ပြေစေမှာပါ...
မိုဘိုင်းဘဏ်စနစ်အသုံးပြုလိုသူများအနေဖြင့် အကောင့်ဖွင့်ခြင်းအတွက် ၀န်ဆောင်ခသုံးထောင်ကျပ်
ပေးဆောင်ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက CB Bank(ဓနုဖြူ ဘဏ်ခွဲ) ဖုန်း-046-25072/25160/25161
တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်....
Phyo Thaw Kaung
Admin @
yangonmobileservice.blogspot.com
Monday, January 6, 2014
ဓနုဖြူဈေးကွက်အတွင်း Huawei Handset အသစ်တစ်မျိုးဝင်ရောက်
ဓနုဖြူမှ GSM သုံးသူများအတွက် Huawei Model အသစ်ဝင်ရောက်လာပါတယ်...
Model ကတော့ Huawei G730 ပါ။ GSM/WCDMA နှစ်ကဒ်အသုံးပြုနိုင်ပါတယ်..
မျက်နှာပြင်က 5.5လက်မ ရှိတဲ့အတွက် Screen ကြီးကြီးကြိုက်သူများအကြိုက်တွေ့စေမှာပါ..
Android Version 4.2.2 ဖြစ်ပြီး Ram က 1GB ပါဝင်ပါတယ်...
မှတ်ဥာဏ်သိမ်းဆည်းနိုင်မှုပမာဏက 4GB ရှိပါတယ်..လိုအပ်ရင် SD card 32GB
အထိထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်...
CPU ကတော့ Quad Core CPU 1GHz ကိုအသုံးပြုထားပါတယ်...
Camera က 5 MP ရှိပြီး Flash မီးလည်းပါဝင်ပါတယ်
Back camera ပါဝင်လို့ Self Photo တွေလည်းရိုက်ကူးနိုင်ပါတယ်..
ဒီဖုန်းမှာ ထူးထူးခြားခြား Function အဖြစ် Globe Touch Function ပါဝင်လို့
လက်အိတ်စွပ်ထားတာတောင် Touch Screen ကိုအသုံးပြုနိုင်ပါတယ်..
2300 mAh ဘက်တ္ထရီကိုအသုံးပြုထားတာမို့ အသုံးခံမှာဖြစ်ပါတယ်..
Color အနေနဲ့ လက်ရှိအချိန်အထိ အဖြူ/အမဲ မိမိကြိုက်နှစ်သက်ရာရွေးချယ်နိုင်ပါတယ်..
အသုံးပြုချင်တယ်ဆိုရင်တော့
ဈေးနှုန်း 15xxxx ၀န်းကျင်ဖြင့် အောင်နိုင်ဦး Electronic (ဓနုဖြူ) မှာရရှိနိုင်ပါတယ်...
++ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်++
G730 အတွက် အမှန်ကန်ဆုံး Myanmar Font ကို YANGON Mobile Service မှာ
ထည့်သွင်းနိုင်ပါတယ်...

Subscribe to:
Comments (Atom)