YANGONMobile Service(Daunbyu) မှကြိုဆိုပါတယ်.................................. လာရောက်လည်ပတ်ကြသူများရွှင်လန်းချမ်းမြေ့ကြပါစေ.........

Tuesday, September 2, 2014

Effect အလန်းလေးတွေနဲ့ဓါတ်ပုံရိုက်ရအောင်



Photo တွေကို Effect အလန်းလေတွေနဲ့
ရိုက်ဖို့အတွက် App အလန်းလေးနော်...
Effect တွေကလည်းအလန်းကြီးတွေပဲမို့
Download ဆွဲပြီးသုံးကြည့်လိုက်ပါ....




ဒီကိုနှိပ်ပြီးဒေါင်းပါ




Phyo Thaw Kaung
Admin @
yangonmobileservice.blogspot.com

စက်တင်ဘာ 3ရက်နေ့တွင် AKK Mobile မှ Sim-card များရောင်းချပေးမည်...

ယနေ့စက်တင်ဘာ 2 ရက်နေ့တွင် ကိုမြင့်ခိုင် / အောင်နိုင်ဦး
မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ Sim-card များအသီးသီး
ရောင်းချပေးခဲ့ပြီးစက်တင်ဘာ 3ရက်နေ့တွင် AKK Mobile
(အောင်ကိုကိုစက်ဘီးပစ္စည်းဆိုင်)
မှလည်းရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်.....
Sim-card တစ်ကဒ်လျှင် 3500 ကျပ်ဖြင့်ရောင်းချပေးမည်ဖြစ်ပြီး
Handset/ငွေဖြည့်ကဒ်များဝယ်ယူရန်မလိုအပ်ကြောင်းသိရသည်...
အရေအတွက်အနည်းငယ်သာရောင်းချမည်ဖြစ်ပြီး
စက်တင်ဘာ 3ရက်နေ့မနက်9နာရီခန့်တွင်စတင်ရောင်းချပေး
သွားမည်ဖြစ်ကြောင်းသိရှိရသည်.....
အောင်နိုင်ဦး Electronic မှလည်းယနေ့နည်းတူ
မနက်ဖြန်စက်တင်ဘာ3ရက်နေ့တွင် Sim-card ကဒ်100
ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်......


Phyo Thaw Kaung
Admin @ ဓနုဖြူရပ်ဝန်း
yangonmobileservice.blogspot.com

အောင်နိုင်ဦးတွင် 1500တန် Sim-card များရောင်းချ

အောင်နိုင်ဦး Electronic မှ 1500တန် Sim card များ
စတင်ရောင်းချခဲ့ပြီး  အစပိုင်းတွင်
5000 တန်ငွေဖြည့်ကဒ်တစ်ကဒ်ဖြင့်တွဲဖက်ဝယ်ယူရပြီး
Sim card အပါအ၀င် 8500 ကျပ်သာကျသင့်သည်...
နောက်ပိုင်းတွင် 5000 တန်ကဒ်များကုန်သွားသဖြင့်
10000 ကဒ်ဖြင့်တွဲဖက်ဝယ်ယူရပြီး စုစုပေါင်း 13500
ကျသင့်ကြောင်းသိရသည်.....စတင်ရောင်းချသည့်အချိန်
မှစပြီးဝယ်ယူသူများပြားလျှက်ရှိပြီး Sim card 100 မှာ
နာရီပိုင်းအတွင်းပြတ်လပ်သွားကြောင်းသိရပြီး
မနက်ဖြန်တွင်ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း
သိရသည်.........
Sim-card ၀ယ်ရန်စောင့်ဆိုင်းနေကြသူများ


Phyo Thaw Kaung
Admin @ ဓနုဖြူရပ်ဝန်း
yangonmobileservice.blogspot.com

ဓနုဖြူတွင် 1500 Sim-card ရောင်းချမှုနောက်ဆုံးရသတင်း

ယနေ့ စက်တင်ဘာ 2ရက်နေ့တွင်
ဓနုဖြူမြို့တွင် MPT 1500 တန် Sim-card များအား
ကိုမြင့်ခိုင်ဖုန်းဆိုင်မှစတင်ရောင်းချပေးခဲ့သည်..
စတင်ရောင်းချချိန်(မနက်ပိုင်း)က 1500 တန် Sim-card
အပါအ၀င် 5000 တန်ငွေဖြည့်ကဒ် 3ကဒ်ကို
18500 ကျပ်ဖြင့်ရောင်းချခဲ့ကြောင်းသိရသည်...
နေ့လည်ပိုင်းတွင် ငွေဖြည့်ကဒ်ဖြင့်တွဲဖက်ဝယ်ယူမရနိုင်ဘဲ
Handset တစ်လုံးဝယ်မှသာရောင်းချတော့ကြောင်းသိရသည်...
အလားတူ အောင်နိုင်ဦး Electronic ဆိုင်မှလည်း
1500 တန် Sim-card များရောင်းချမည်ဖြစ်ကြောင်းသိရပြီး
ယနေ့နေ့လည် ပိုင်းတွင်ရောင်းချပေးမည်ဟုသိရသည်...
အောင်နိုင်ဦးဆိုင်မှ ရောင်းချမည့် Sim-card များ
စောင့်ဆိုင်းသူများပြားလျှက်ရှိပြီး မည်သည့်ပုံစံဖြင့်
ရောင်းချမည်ကိုမူအတိအကျမသိရသေးပေ..
ဆက်လက်ရရှိသောသတင်းများကို
အချိန်နှင့်တပြေးညီတင်ဆက်ပေးသွာပါမည်...


Phyo Thaw Kaung
Admin @ ဓနုဖြူရပ်ဝန်း
yangonmobileservice.blogspot.com