ဓနုဖြူမှာအသုံးအများဆုံး Handset Brand ကိုပြောဆိုရင်တော့
Huawei လို့ပဲပြောရင်ငြင်းစရာမရှိပါဘူး
ယခု Huawei ရဲ့နောက်ဆုံးထွက်အကောင်းဆုံး
Huawei Mate 7 လေးအကြောင်းပြောရအောင်ဗျာ...
ဈေးနှုန်းပိုင်းကိုကြည့်မယ်ဆိုရင်တော့ 5သိန်းကျော်မှာ
ရှိတော့ တချို့က Samsung ပဲကိုင်တော့မှာပေါ့ဆိုပြီး
ပြောလာနိုင်ပါတယ်ဗျာ....သူ့ရဲ့စွမ်းဆောင်ရည် သူ့ Design
နဲ့ကတော့ ဒီဈေးလောက်ပေးရတာမဆန်းပါဘူး....
CPU နှစ်မျိုးရွေးချယ်နိုင်ပြီး Quad-core 1.8 GHz Cortex-A15 နဲ့
quad-core 1.3 GHz Cortex-A7 ဆိုပြီးရှိပါမယ်....
GPU ပါဝင်ပြီး Mali-T628 GPU ကိုအသုံးပြုထားပါတယ်
Memory ပိုင်းမှာလည်းရွေးချယ်စရာတွေရှိပါတယ်
16 GB, 2 GB RAM/ 32 GB, 3 GB RAM ဆိုပြီးနှစ်မျိုးရှိပါဦးမယ်..
6 လက်မ Display အသုံးပြုထားပြီး မှန်မျက်နှာပြင်က
ဘယ်ညာအပြည့်နီးပါးပါတာကစွဲမက်စရာတစ်ခုပါ..
လက်ထဲမှာကိုင်ထားရင်ခန့်ငြားမှုကိုပါပေးစွမ်းနိုင်မယ့်
အသွင်အပြင် Design ရှိပါတယ်....
Screen Resolution ကတော့ 1080 x 1920 pixels
ရှိတဲ့အတွက် HD ရုပ်ထွက်တွေကိုအကောင်းဆုံးခံစားနိုင်မှာပါ..
ဖုန်းမှာပါဝင်တဲ့ Fingerprint sensor ဟာအကောင်းမွန်ဆုံး
ပုံစံမှာရှိပြီး မျက်နှာပြင်ကိုမထိခိုက်အောင် Corning Gorilla Glass 3
နဲ့ဖုံးအုပ်ထားပါတယ်.....Camera ပိုင်းမှာတော့ 13MP
Primary camera နဲ့ 5 MP selfie camera တွေထည့်သွင်း
ပေးထားပါတယ်..
Battery ကတော့အသေဖြစ်ပြီး Li-Po 4100 mAh battery ကို
အသုံးပြုထားတာကြောင့် တာရှည်အသုံးခံမှာပဲဖြစ်ပါတယ်...
အရောင်အနေနဲ့ အဖြူရောင်၊အနက်ရောင်၊ရွှေရောင်ဆိုပြီး
သုံးမျိုးရရှိနိုင်ပါတယ်....
ပေးရတဲ့တန်ဖိုးနဲ့ထိုက်တန်တဲ့အသုံးပြုမှုတွေရရှိမှာဖြစ်လို့
သင့်အနေနဲ့တန်ဖိုးကြီး Handset တစ်လုံးကိုင်လိုတဲ့စိတ်
ရှိရင် Huawei Ascend Mate 7 ကိုမေ့ထားလို့မရပါဘူး....
Phyo Thaw Kaung
Admin @ ဓနုဖြူရပ်ဝန်း
yangonmobileservice.blogspot.com