ဓနုဖြူမြို့တွင်ဧရာဝတီမြစ်ရေအနည်းငယ်မြင့်တက်လာပြီး
တာတမံဆိုင်ရာသတိပေးချက်ထုတ်ပြန်ထားသည်...
သတိပေးချက်
*တာတမံအရေးပေါ်အခြေအနေတွင်
-တာတမံအ၇ာရှိမှအရေးပေါ်ဆင့်ခေါ်ပါက ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးသည်ကျေးရွာရှိ
ကျန်းမာသန်စွမ်းစူအရေအတွက်ကိုထုတ်ပေးရမည်။
-တာတမံအနီးနေထိုင်သူများနှင့် ကျေးရွာမှဆင့်ခေါ်ထားသူများသည်တာတမံအရာရှိမှညွှန်ကြားသည့်အတိုင်း
လုပ်အားပေးကူညီရမည်။
-သင့်လျှော်သောအကြောင်းပြချက်မရှိဘဲလုပ်အားရရှိရေးဆောင်ရွက်ရန်ပျက်ကွက်ခြင်း၊ လုပ်အားပေးကူညီရန်
ပျက်ကွက်ခြင်း၊ ငြင်းဆိုခြင်းပြုခဲ့သော် ငွေ (၂၅၀၀) ကျပ်တိတိ ဒဏ်ဖြစ်စေ၊ (၆) လထက်မပိုသော ထောင်ဒဏ်
ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်။
* တာတမံအရာရှိ၏ ခွင့်ပြုချက်မရှိဘဲ
- တာတမံပေါ်တွင် ကျွဲနွားများကျူးကျော်ခြင်းမပြုရ။
- တာတမံနှင့်တာတမံဧရိယာအတွင်းရှိ သစ်ပင်များခုတ်ခြင်း၊ အမြစ်များနုတ်ခြင်း၊ မြက်များရိတ်ခြင်းမပြုရ။
- တာတမံနှင့်ဆက်နွယ်နေသော ရေနုတ်မြောင်း၊ ရေတံခါးများကို ပိတ်ဆို့ခြင်းမပြုရ။
- တာတမံပေါ်၌လည်းကောင်း၊တာတမံပေါ်ဖြတ်ကျော်၍လည်းကောင်း ယာဉ်များသွားလာခြင်းမပြုရ။
- မလိုက်နာပါက (၁) နှစ်တိတိထောင်ဒဏ်ဖြစ်စေ၊ ကျပ် (၅၀၀၀) တိတိ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ
ကျခံရမည်။
- ခွင့်ပြုချက်မရဘဲ ကန်သင်းမှတစ်ပါးရေကာတာ တာတမံ (သို့မဟုတ်) တမံတစ်ခုကို တည်ဆောက်ခြင်း၊
ထိန်းသိမ်းပြုပြင်ခြင်း၊ ထပ်မံဖို့ခြင်းမပြုရ၊ မလိုက်နာပါက (၁) နှစ်တိတိထောင်ဒဏ်ဖြစ်စေ၊
ကျပ် (၅၀၀၀) တိတိ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်။
ဆည်မြောင်းဦးစီးဌာန
| မြစ်ရမြင့်တက်မှုအနေအထား |
Admin @
yangonmobileservice.blogspot.com
No comments:
Post a Comment