YANGONMobile Service(Daunbyu) မှကြိုဆိုပါတယ်.................................. လာရောက်လည်ပတ်ကြသူများရွှင်လန်းချမ်းမြေ့ကြပါစေ.........

Monday, December 23, 2013

ပြန်လည်အသက်ဝင်လာမည့် ဥမ္မာဒန္တီ ကမ်းခြေ(သို့မဟုတ်) ငွေသောင်ယံ

ကျွန်တော်တို့ဓနုဖြူမှာအပန်းဖြေစရာကမ်းခြေတစ်ခုရှိပါတယ်....
ငွေသောင်ယံ လို့ခေါ်သလိုဥမ္မာဒန္တီ ကမ်းခြေလို့လဲခေါ်ပါတယ်...
ဓနုဖြူသားတွေကတော့လွယ်လွယ်ကူကူ "သောင်" လို့ပဲခေါ်ကြပါတယ်...
"ဒီနေ့ညနေသောင်သွားကြမယ်ဟေ့" ဆိုတဲ့စကားကဓနုဖြူကလူငယ်တွေကြားမှာကြားနေရတာပါ
အရင်ကသောင်ကိုသွားရင်စက်လှေနဲ့သွားရတာဖြစ်ပြီး....အခုကမ်းစပ်နဲ့သောင်ကိုတံတားထိုးတော့မှာပါ...


အခုလည်းသောင်ပေါ်မှာ စားသောက်ဆိုင်အချို့လဲဖွင့်နေပါပီ...ဘော်ဒါတို့အခုသွားချင်တယ်ဆိုရင်လည်း
သွားလို့ရနေပါပီ.....အခုလောလောဆယ်တော့စက်လှေနဲ့ပဲသွားရဦးမှာပါ။တံတားထိုးပြီးသွားရင်တော့
တော်တော်လေးစည်ကားသွားမှာဖြစ်ပါတယ်......တံတားထိုးပြီးစားသောက်ဆိုင်ကောင်းကောင်းလေးတွေ
များများဖွင့်ရင်တော့ ဓနုဖြူက ကလေး/လူကြီး/လူငယ် အုပ်စုတွေနဲ့စည်ကားလာမှာဖြစ်တဲ့အတွက်
ဥမ္မာဒန္တီ ကမ်းခြေဟာပြန်လည်အသက်ဝင်စည်ကားလာမှာဖြစ်ပါတယ်....



No comments:

Post a Comment