On-line အသုံးပြုသူတော်တော်များများကတော့သိပီးလောက်ကြပါပီ။
ဓနုဖြူရဲ့ အနေအထားနဲ့ပြောမယ်ဆိုရင်တော့ တစ်မြို့လုံးမှာ လူဦးရေ နှစ်ဆယ်ရာခိုင်နှုန်းလောက်တောင်
ဒီအကြောင်းသေချာမသိသေးလောက်ပါဘူး။ဂျာနယ်တွေမှာ Operator တွေအကြောင်းအမျိုးမျိုးရေးနေ
ကြပေမယ့် တော်တော်များများက Operator ဆိုတာဘာမှန်းတောင်မသိကြပါဘူး။ဒါအမှန်ပါ......
အခုဖုန်းပြောနေကြတာက MPT ဆိုတဲ့ Operator နဲ့ပါ။ ဈေးကြီးပီး လိုင်းမကောင်းတဲ့ ခင်ဗျားတို့အခုသုံးနေတဲ့ Sim-Card တွေက အဲဒီ MPT ဆိုတဲ့ Operator ကထောင်ထားတဲ့(ခပ်စုတ်စုတ်)
တာဝါတွေရဲ့အနီးတစ်ဝိုက်မှာပဲပြောလို့ရပါတယ်။အခုတော့ Operator သုံးခုထပ်တိုးတော့မှာပါ။
ပြည်တွင်း ကတစ်ခု၊ ပြည်ပကနှစ်ခု၊ MPT နဲ့ဆိုရင်ပေါင်းလေးခုပေါ့ဗျာ။ထပ်တိုးလာမယ့် Operator
တွေကလည်း တာဝါတွေအများကြီးဆောက်၊ ဆင်းကဒ်တွေအလကားပေမယ့်သူကပေး၊ တစ်မိနစ် 20 ပေးမယ့်သူကပေး၊ Net Speed ကို တစ်ခါမှမကြုံဘူးတဲ့ High Speed တွေပေးမယ့်လူကပေးနဲ့
တော်တော်မိုက်မှာပါ။ အဲဒီလိုမိုက်မယ့်အထဲမှာ MPT ကပါမပါတော့ သေချာမသိပါဘူး။သူများတွေလန်းသလို ကိုယ်အခုသုံးနေတဲ့ MPT ကမလန်းပဲဂွမ်းနေအုံးမယ်ဆိုရင်တော့ သင့် Handset ထဲက Sim-card ကိုအလကားပေးတောင်ယူကြမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်ပ Operator နှစ်ခုကြေငြာပီးရင်တော့
သင့်ရဲ့ 15 သိန်းတန်/ 5 သိန်းတန်/ 2သိန်းတန် Sim-Card လေးကို ရဈေးနဲ့ရောင်းထားတာအကောင်းဆုံးလို့ထင်ပါတယ်။
****အကြံပြုရုံသက်သက်ဖြစ်ပါတယ်****
သင်ကိုယ်တိုင်ဆုံးဖြတ်ပါ
No comments:
Post a Comment